Wednesday, 17 April 2013

ဗုဒ္ဓမြတ်စွာသာသနာတော်၏ ရွှေအဓွန့်ရောင်ခြည် လျှံပယ်စေဖို့ ကွန့်ဖို့ စွန့်စား ငါကြိုးစားသည် စိတ်ထားငါ့မှာ အမြဲတည်း




ငါ့အတွက်များမြောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာ သာသနာတော် ၏ ရွှေအဓွန့်ရောင်ခြည် လျှံပယ်စေဖို့ ကွန့်ဖို့ စွန့်စား ငါကြိုးစားသည် စိတ်ထားငါ့မှာ အမြဲတည်း။ (ဒုဋ္ဌဂါမဏိမင်းကြီး)

ဒုဋ္ဌဂါမဏိ

ဒုဋ္ဌဂါမဏိမင်းကြီးအကြောင်းအား လေ့လာဖတ်ဂှုလိုကြလျှင်  မှာ ဒေါင်းပြီး ဖတ်ဂှုနိုင်ပါသည်။


မဒေါင်းချင်ဘူး ပျင်းတယ်။ တိုက်ရိုက်ဖတ်ချင်ပါတယ်ဆိုရင်တော့ - 
ီနေရာ မှာတိုက်ရိုက်ဖတ်ဂှုနိုင်ပါတယ်ခင်ဗျား။
ဒုဋ္ဌဂါမဏိမင်းကြီး

အရှင်မဟိန္ဒ၏ ကြိုးစားမှုကြောင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ခိုင်မြဲသောအခါ ကျွန်းသူကျွန်းသားများနှင့် ဘုရင် မိဖုရားတို့သည် ဘာသာသွေးထက်
သန်ကြ၏။ ဒုဋ္ဌဂါမဏိမင်းကား ထူးထူးခြားခြားဘာသာသွေးများသော မင်းပေတည်း။ သာသနာတော်ကို အန္တရာယ်ပြုမည့် ကျေးကုလားတို့ကိုနှိမ်နှင်းဖို့
စစ်တိုက်ထွက်ရာ၌ပင် ရဟန်းတော်များကို ပင့်၍သွား၏။ ထိုမင်းသည် စစ်တိုက်ထွက်ခါနီး၌ အောက်ပါအတိုင်း အဓိဌာန်ပြုလေ့ရှိ၏။

ငါ့အတွက်များမြောက်ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ်အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာသာသနာတော်၏ ရွှေအဓွန့်ရောင်ခြည်လျှံပယ်စေဖို့ ကွန့်ဖို့ စွန့်
စား ငါကြိုးစားသည် စိတ်ထားငါ့မှာအမြဲတည်း တဲ့။

ဆိုလိုရင်းမှာ -“ငါချမ်းသာဖို့ အကျိုးငှာ စစ်တိုက်ခြင်းဖြင့် ယခုလိုအပင်ပန်းခံသည် မဟုတ်၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တာရှည်စွာ တည်နိုင်ဖို့ အကျိုး
ငှာသာ ဗုဒ္ဓဘာသာကို အန္တရာယ်ပြုမည့် ရန်သူများကို နှိမ်နင်းရပါသည်”ဟု ဆိုလိုသည်။ ထိုမင်းသည်ပင် စုတေခါနီး၌ စစ်တိုက်စဉ်ကအလွန်အားကိုးရ
သော ထိုအချိန်မှာပင် ရဟန်းပြု၍ ရဟန္တာဖြစ်သော အဘယမထေရ်၏ တရားကို နာယူရင်း စုတေ၍ တုသိတာနတ်ပြည်၌ နတ်သားဖြစ်လေသည်။

ဝိုင်းတော်သားများ - http://sanaygang.blogspot.com
Dragon Patriotic Myanmar Youths Association

No comments:

Post a Comment