Friday, 19 April 2013

မြန်မာတိုင်းရင်းသား(၀ါ) တိုင်းရင်းသားဆိုသည်မှာ(၀ါ) မြန်မာလူမျိုးတိုင်းရင်းသားဟု သတ်မှတ်ခံရသူများမှာ


တိုင်းရင်းသားဆိုသည့် ဝေါဟာရကို မြန်မာ့အဘိဓာန်တွင် ရုတ်တရက်ကောက်ကာငင်ကာ ဖြစ်ပေါ်လာခြင်း မဟုတ်ပါပဲ
ရာဇ၀င်နဲ့ချီတဲ့ သမိုင်းအထောက်အထားတွေနဲ့ အတူ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ ရှင်သန်ခဲ့ကြသူများသာဖြစ်
ကြပါတယ်လို့ ဆိုထားပါတယ်။ မြန်မာလူမျိုး တိုင်းရင်းသားတွေဆိုသည်မှာ ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ မွန်၊ ဗမာ၊
ရခိုင်၊ ရှမ်း အစရှိတဲ့တိုင်းရင်းသား အင်အားစုကြီးတွေဟာ မြန်မာမြေပေါ်မှာခိုင်မာတဲ့သမိုင်း အကြောင်းအရာတွေကိုယ်
စီနဲ့  ကျောက်စာ၊ ပေစာတို့ နဲ့ ပေပုရပိုက် တို့မှာ တွေ့မြင်နိုင်ပါတယ်။

ပထ၀ီအနေအထားအရ ခိုင်လုံတဲ့ သမိုင်းအကြောင်းအရာများနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်
ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာရှိသူများကို တိုင်းရင်းသားလို့ခေါ်တယ်။ မြန်မာ့နိုင်ငံ၇ဲ့  တိုင်းရင်းသား တွေဟာ မနေ့တ
နေ့ကမှရုတ်တရက် ကောက်ကာငင်ကာ ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ရာဇ၀င်နဲ့ချီတဲ့သမိုင်း အထောက်အထားတွေနဲ့ ရှင်
သန် ကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေဟာ ဘာသာရေးကို အခြေခံပြီး တိုင်းရင်းသားဖြစ်လာသူများ
လည်းမဟုတ်ကြပါ။ ရှိရင်းစွဲ ဓလေ့ထုံးစံအတိုင်းသာ ရှေးပဝေဏီကပင် နေထိုင်သူများဖြစ်တယ်။

ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ မွန်၊ ဗမာ၊ ရခိုင် ၊ ရှမ်းအစရှိတဲ့ ထိုတိုင်းရင်းသားလူမျိုးအားလုံးကိုခြုံငုံပြီး မြန်မာလူမျိုး
အဖြစ် မြန်မာသမိုင်းတွင်ရော ကမ္ဘာ့ သမိုင်းမှာပါ သမိုင်းသုတေသီပညာရှင်ကြီးတွေက သတ်မှတ်ထားကြပါတယ်။


ဝိုင်းတော်သားများ - http://sanaygang.blogspot.com
Dragon Patriotic Myanmar Youths Association

1 comment:

  1. Casino 2021 - DrMCD
    Find 오산 출장안마 out all about our Casino 고양 출장마사지 2021 including our 안동 출장샵 list of games, exclusive offers, top 화성 출장안마 bonuses and more. Rating: 3.7 · ‎4 votes · ‎Price range: $$ 상주 출장마사지

    ReplyDelete