ဗုဒ္ဒဘာသာဆိုသည်မှာ ဘာသာပေါင်းစုံအား နွေးထွေးစွာကြိုဆိုလက်ခံတဲ့ မြင့်မြတ်ပြီးစင်
ကြယ်တဲ့ (ထေရ၀ါဒ)အယူဝါဒကြီးတခုပါ။ ထေရ၀ါဒ ဆိုသည်မှာ ဗုဒ္ဒမြတ်ဘုရားရှင်ဟော
ကြားထားခဲ့သော ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာစသည့် ပိဋကတ်သုံးပုံကို နှုတ်ပယ်ထားခြင်း
အလျှင်းမရှိ။ ထပ်တိုးခြင်းလည်း လုံးဝမပြုလုပ်ပါဘဲ မူရင်းအတိုင်း ဆက်လက်ထိန်းသိမ်း
ထားသောကြောင့် (ထေရ၀ါဒ ၀ါဒအစစ်အမှန်)ဟုအဓိပ္ပါယ်ကောက်ပါသည်။ ထိုကြောင့်
" ထေရ၀ါဒဗုဒ္ဒဘာသာ" ဆိုသည်မှာ ဗုဒ္ဒဘာသာစစ်စစ် ကိုခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။
ဗုဒ္ဒမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် အရှင်မဟာကဿပ ရဟန္တာမထေရ်မြတ်တို့မှ
ကြီးမှုးဦးဆောင်၍ ဗုဒ္ဒဘာသာအားပြုစုတည်ထောင်ပြီး (ထေရ၀ါဒဗုဒ္ဒဘာသာ)ဟုအမည်
ပေးခဲ့ခြင်းဖြစ်ပါသည်။ ဗုဒ္ဒဘုရားရှင်၏ ငြိမ်းချမ်းအေးမြမှု အဖြာဖြာသည် ကမ္ဘာသူ၊ ကမ္ဘာ
သားအာလုံး၏ အပေါ်သို့ နွေးထွေးစွာ ကျရောက်ပါစေသား။
ဝိုင်းတော်သားများ - http://sanaygang.blogspot.com
Dragon Patriotic Myanmar Youths Association

No comments:
Post a Comment