လူယဉ်ကျေးတွေ နှင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ကောင်းခြင်းမင်္ဂလာ
အဖြာဖြာဆိုသည်မှာကား ဤသို့ ပင်တည်း "(ဗုဒ္ဓဘာသာ၏ အနှစ်သာရ)"
မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူထားသော (ဗုဒ္ဓဘာသာ၏အနှစ်သာ
ရဖြစ်တဲ့)ဘာသာအယူဝါဒ (၀ိဘဇ္စ၀ါဒ)ဆိုသည်မှာ ဘာသာအယူဝါဒတစ်
ခုအား အမှားအမှန်ကိုဆုံးဖြတ်ရာတွင် တဆင့်ကြားယုံမျှဖြင့်လည်း ဟုတ်
ပြီမှန်ပြီဟု လက်မခံသင့်ပေ။
မိရိုးဖလာ အယူဝါဒတခုဖြစ်၍လည်း လက်မခံသင့်ပေ။ ထိုအရာသည်ဤ
သို့ဖြစ်ခဲ့သည်ဟူသော ကောလာဟာလဖြင့်လည်းလက်မခံသင့်ပေ။ကျမ်း
ဂန်စာပေနှင့် ညီညွတ်နေသည် ဆိုရုံမျှနှင့်လည်း လက်မခံသင့်ပေ။ မိမိတို့
၏ယုံကြည်ထိုက်သောသူ ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာပုဂ္ဂိုလ်စွဲဖြင့်
လည်း လက်မခံသင့်ပေ။ မိမိတို့လေးစားရသော ဆရာ၏စကားဖြစ်သည်
ဟုဆိုကာ ဆရာစွဲဖြင့်လဲး လက်မခံသင့်ပေ။ မိမိဘာသာ အရင်သေချာစွာ
လေ့လာပြီး၊ ဝေဖန်သုံးသပ်၊ ဆန်းစစ်ကာလက်တွေကျကျ ကျင့်သုံးပြီးပါ
မှသာ အကျိုးရှိလာခဲ့ပါက ဘာသာအယူဝါဒ(၀ိဘဇ္စ၀ါဒ)ကို လက်ခံရမည်
ဆိုသည့် အချက်ပင်ဖြစ်ပါသည်။
ဝိုင်းတော်သားများ - http://sanaygang.blogspot.com
Dragon Patriotic Myanmar Youths Association
No comments:
Post a Comment